ဂျပန်နဲ့တရုတ်စစ်ဖြစ်ရင်
ကြည့်လို့ကောင်းမယ်။
လူတိုင်းအဲ့လိုမြင်ချင်မှမြင်မှာပါ။
ပွဲကောင်းကောင်းကြည့်ချင်တဲ့သူတွေအတွက်ကတော့
အဲ့ဒါ မီးရှူးမီးပန်းဖောက်တော့မယ့်အတိုင်းပဲ။ ပျော်စရာ။
အာရှရဲ့ ပေါပေါလောလော
အလုပ်သမလားတွေ ရှားတာမဲ့အချိန်၊ ကမ္ဘာ့စီးပွားလဲပျက်ပြီး Walmart လဲ ပေါပေါနဲ့ ရောင်းစရာ
ပစ်စီးမရှိတော့ရင်ပြောပါတယ်။
အခုကမ္ဘာ့စီးပွားရေးက
လယ်သမားတွေ လယ်မဆိုက်တော့ပဲ စက်ရုံထဲကို ဈေးပေါပေါနဲ့ဝင်လုပ်။ သူတို့လုပ်အားနဲ့ ရလာတဲ့
ဘယ်လောက်မှမခံတဲ့ plastic ပစ်စီးတွေ ၀ယ်ပြီးခနနေ လွှတ်ပစ်လို့ရတဲ့ အမြတ်ပေါ်မှာ အားပြုနေရတဲ့
အခြေအနေ။
တရုတ်ဆိုတာ
ထိန်းမနိုင် သိမ်းမရ နေ့ခြင်းညခြင်းကြီးထွားလာတဲ့ ဘူဘောင်းကြီးလို။ Maosim ကိုနောက်မှာထားခဲ့ပြီး
တကယ့်တော့ သိပ်မကောင်းတဲ့ Marxism ကို မသုံးတော့ကထဲက။ ဘာလို့လဲဆိုတော့ အမှန်တော့ လူတွေဆိုတာ
အခွင့်အရေးရတိုင်း ကိုယ့်အကြိုးကိုယ်ကြည့်ချင်ကြတဲ့ လောဘစားတွေ။
တရုတ်နဲ့ရျပန်
ချက်ချင်းထမချသေးပါဘူး။ ဘာလို့လဲဆိုတာ ရှင်းရရင် သမိုင်းကစရမယ်။
တရုတ်သမိုင်းကိုကြည့်ရင်
အခုအသစ်ဖြစ်လာတဲ့ လူလည်တမ်းစား (၂၀၀၁ မှာ ကားအများဆုံးဝယ်တာ တရုတ်လူလတ်တမ်းစား) တွေက
၁၉ရာစုမှာဖြစ်လာတဲ့ဟာတွေနဲ့ပတ်သက်ပြီး မကြေနပ်ကြဘူး။ အထူးသဖြင့် လူဖြူတွေကို။ တရုတ်လူတမ်းစားတွေဟာ
မကြေနပ်ကြတဲ့အပြင် သူတို့လက်ထဲမှာလဲ ပိုက်ဆံရှိတယ်။ ဒီအခြေအနေက ကိုလိုနီခေတ်နဲ့ မတူဘူး။
အဲ့ဒီ့တုန်းက လူတွေ မကြနပ်ရင် သိပ်ဂရုစိုက်စရာမလိုဘူး။ အခုက မကြေနပ်တဲ့သူတွေက
consumers တွေ (တရုတ်လူလတ်တမ်းစားတွေ)။
တရုတ်တွေ
မကြေနပ်တာ တရုတ်သမိုင်းကြောင့်။
သူတို့ကိုလဲ
အပြစ်သွားပြောလို့ရမဘူး။ ၁၉ရာစုက ဘိန်းစစ်ကိုမှတ်မိရင် နိုင်သွားတာ British။ သူတို့တွေ
တရုတ်ကို ဘိန်းသွင်းပြီး ဆေးဆွဲအောင်လုပ်။ ပြီးတော့ ထွက်တဲ့ပစ်စည်းတွေကို ဘိန်းနဲ့ဝယ်ခဲ့တာ။
ဘိန်းက အရသာရှိတယ်။ နေလို့်ကောင်းတယ်.. ခနပေါ့။ လူ့စိတ်ကို ပြောင်းစေတယ်။ အဲ့ဒါကိုသိလို့လဲ
တရုတ်ပြည်ထဲ ဘိန်းတွေ မတန်တဆသွင်းပြီး အဲ့လို ဖြစ်အောင်လုပ်ခဲ့တာ။
ဂျပန်တွေကတော့
၂၁ ရာစု ဦးတည်ရာမဲ့နေတဲ့ အခြေအနေ။
စီးပွားရေးက
အတက်မရှိအကျမရှိ။ သူတို့ထုတ်တဲ့ဟာတွေ သူများတွေ ဈေးပေါပေါနဲ့ထုပ်နိုင်နေတော့
(70s 80s လောက်ကတော့ သူတို့က စီးပွားရေးဘုရင်တွေပေါ့။) ပြီးတော့ ပင်လယ်ကို ကျော်ပြီးကြည့်လိုက်ရင်
တွေ့ရတာက Nanking ကြောင့်သူတို့ကို အသေမုန်းနေကြတဲ့ ၁၄သန်းလောက်ရှိတဲ့သူတွေ။ တကယ်တော့လဲ
ဂျပန်က အခုထိ တရုတ်တွေ ကြေနပ်လောက်အောင် မှားယွင်းကြောင်းဝန်ခံရသေးဘူး။ Tokyo ရဲ့
Mayor ဆိုရင် အဲ့ဒီ့တုန်းက ပြတ်မှုကျူးလွန်ခဲ့တဲ့ ဂျပန်စစ်ဘိုလ်တွေရှိတဲ့ သင်းကြိုင်းမှာ
သွားဝတ်ပြုတုန်း။ ဂျပန်တွေက အဲ့တုန်းကဖြစ်ခဲ့တဲ့ ဟာတွေကို မသိချင်ယောက်ဆောင်တုန်း။
Germany ဆိုရင် ဒုတိယကမ္ဘာစစ်မှာဖြစ်ခဲ့တာတွေအတွက် အခုထိတောင်းပန်လို့ မပြီးနိုင်သေးဘူး။
တရုတ်တွေက
Nanking အတွက် တောင်းပန်တာလိုချင်ကြတယ်။
ဒါပေမယ့်
ဂျပန်တွေက ဘယ်တော့မှ တောင်းပန်မလဲဆိုတော့ သူတို့ နောက်ဆုံးလက်နက်ချရတဲ့အခြေအနေမျိုးဖြစ်မှ။
ဘယ်လိုအချေအနေလဲဆိုတော့
nueclear bomb ၂ခုလောက်ကျတော့မှ သူများပြောတဲ့ argument ကို နားထောင်မယ့်အခြေအနေ။
ကျနော်တို့လို
ဘေးကထိုင်ကြည့်နေတဲ့သူတွေအတွက်ကတော့ တစ်ကယ် စပြစ်ပြီဟေ့ဆိုရင် (ဒီဘာမဟုတ်တဲ့ကျွန်းလေး၂ခု၃ခုကြောင့်)
nuclear boom မပါပဲ ပွဲပြီးမယ်မထင်ဘူး (ဒီလို တစ်ယောက်နဲ့ တစ်ယောက် မုန်းနေတဲ့ပုံနဲ့)။
ယှည်ကြည့်ရင် India နဲ့ Pakistan ချတာ ခလေး၂ယောက်ရန်ဖြစ်သလိုပဲဖြစ်မယ်။
[It'd screw the world economy so hard it'd make
Israel's bunker busting dream strike on Iran's nuke sites about as interesting to the
global public as Bono talking about Africa at a U2 concert.]
အဲ့ဒါကြောင့်
တကယ်တော့ စချဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။
ဘာလို့လဲဆိုတော့
Nukes။
ကျနော်ကတော့
nukes လို့ပြောရင် ကြိုက်မှကြိုက်။ စဉ်းစားကြည့်လေ ၁၉၄၅ တုန်းက bomb တစ်လုံးချရုံနဲ့
ပြီးသွားတာ။ တခြားလမ်းကြောင်းတွေလုက်ရင် ကုန်လိုက်မယ့်ဖြစ်ချင်း (ပိုက်ဆံရော လူတွေရော)။
nuke လုပ်တယ်ဆိုတာ အသက်သာဆုံး (စစ်ဘက်ကကြည့်ရင် ပြောပါတယ်)။ Nukes တွေဆို
Penicillin ပြီးရင် အကောင်းဆုံးတီထွင်မှုပါပဲ။ တကယ်တော့ ယှဉ်ကြည့်လို့မကောင်းပါဘူး။
Penicillin ထက်ပိုပြီး nukes တွေက လူ့အသက်ပိုကယ်ခဲ့တာ။ Nukes တွေသာမရှိခဲ့ Cold
War အစား မပြီးနိုင်တော့တဲ့ Eurasia vs Americana စစ်ပွဲဖြန်နေခဲ့မှာ။ “ငါတို့အကုန်သေကုန်မယ်”ဆိုတဲ့
အတွေးကြောင့် Nukes တွေထက်ပိုပြီး ငြိမ်းချမ်းရေးကို ထိမ်းသိမ်းနိုင်တာမရှိပါဘူး။ ထားပါတော့
၁၉ ရာစုမှာ Penicillin ကြောင့် အသက်ဆက်ရှင်ရတဲ့သူတွေ အများကြီးဆိုရင်။ Nukes တွေသာမရှိရင်
Stalin ရဲ့ policies ကြောင့်သေကုန်ကျမယ့်သူတွေဟာ အားလုံးနီးပါးပဲ။
အားသာချက်
Nukes။
Nukes တွေကြောင့်
ဒီ တရုတ်-ဂျပန်ပြသနာက စစ်စဖြစ်ဖို့ ဝေးပါသေးတယ်။
No comments:
Post a Comment